သွားလာမှု • 1 min read
သတင်း

DEMU မဟုတ်သည့် ရထားများအတွက် ခုံမဲ့လက်မှတ်များ ရောင်းချနေ

One News

Nov 21, 2026

DEMU မဟုတ်သည့် ရထားများအတွက် ခုံမဲ့လက်မှတ်များ ရောင်းချနေ
0 Shares
15 Views

 

DEMUမဟုတ်တဲ့ ရိုးရိုး AAR ရထားနဲ့ လေအိတ်ရထားခရီးစဉ်အတွက် ခုံမဲ့လက်မှတ်တွေကို အွန်လိုင်းစနစ်နဲ့ ORTP ဝက်ဘ်ဆိုက်ကနေ နိုဝင်ဘာလ ၂၁ ရက်ကစပြီး ရောင်းချပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားက အသိပေးထုတ်ပြန်ပါတယ်။

ခုံမဲ့လက်မှတ်ရောင်းချပေမယ့်ရထားတွေကတော့ အမှတ်(၁၁)အဆန်/(၁၂)အစုန် ရန်ကုန်-မန္တလေးရထား၊ အမှတ်(၇၁)အဆန်/(၇၂)အစုန် ရန်ကုန်-ပြည်ရထား၊ အမှတ်(၈၁)အဆန်/(၈၂)အစုန် ရန်ကုန်-မော်လမြိုင်ရထားနဲ့ အမှတ်(၆၁)အဆန်/(၆၂)အစုန် ရန်ကုန်-ပုဂံရထားတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခုံမဲ့လက်မှတ်ရောင်းချပေးမယ့်ပုံစံကတော့ ပုံမှန်ထိုင်ခုံတွေအားလုံးအပြည့်ရောင်းကုန်သွားမှ ခုံမဲ့လက်မှတ်ကို ရိုးရိုးတန်းတွဲဆိုင်းမှာရောင်းချပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ခုံမဲ့လက်မှတ်ကို ရထားတွဲတစ်တွဲမှာ အများဆုံးလက်မှတ်အစောင် ၂၀ ပဲ ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။လက်မှတ်ခနှုန်းထားတွေကတော့ သက်ဆိုင်ရာရထားတွေရဲ့ ရိုးရိုးတန်းလက်မှတ်ခနှုန်းထားအတိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
သွားလာမှု
သတင်း

ရန်ကုန်-နေပြည်တော် DEMU အထူးရထား ထပ်မံတိုးချဲ့ပြေးဆွဲမည်

One News

Nov 21, 2026 15

တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-နေပြည်တော် ခရီးစဉ်အတွက် Japan DEMU အထူးရထားကို နိုဝင်ဘာလ ၂၂ ရက် နဲ့ ၂၃ ရက် တို့မှာ ထပ်မံတိုးချဲ့ ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။